သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ကျင်းပမှုသတင်း

1 Pic_05 1 Pic_06 1 Pic_07

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အမှတ် (၂) ခြေခံပညာအလယ်တန်း ကျောင်း၌ (၁-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျောင်းတွင်းအခြေပြု သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာ ယ်ဆိုင်ရာ သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခြင်းများကိုကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်း (၇၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး မနက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောမှုကိုဆောင်ရွက်ခဲ့ကာ နေ့လည်ပိုင်းတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိ ပါသည်။

Source:         ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar

#simex_eqk

#ayy_oct2018

Sign Up

Upcoming Events