လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အလယ်တန်း ကျောင်း၌ (၁-၁၀-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် ကျောင်းတွင်းအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်မီးသ တ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦး တက်ရောက် ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ၌ ကျောင်းသား/သူများကို သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိ ပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်း ဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအကြောင်း သိကောင်းစရာများ ဟောပြ ောခြင်း၊ ကြက်ခြေနီသူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဇာတ်တိုက်လေ့က ျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#simex_eqk
#ayy_oct2018