ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ရွာမရွာသစ်ကျေးရွာ၌ (၂၉-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဒဏ်ရာရသူ (၂) ဦး အတွက် တစ်ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးကိုယ်စား တောင်ကုတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များမှ (၃၀-၉-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_tls
#rke_Sep2018