Category Archives: News
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာတွင် (၃-၁၀-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၄၉)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၂၉၀၀/-)ကျပ်၊ စုစုပေါင်း (၁၇၀၂၉၀၀/-)ကျပ်၊ (ကျပ်တစ်ဆယ့်ခုနှစ်သိန်းနှစ်ထောင့်ကိုးရာတိတိ) တို့အား (၅-၁၀-၂၀၁၈)ရက်နေ့တွင် ပခုက္ကူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ရွှေကန်မြေလူမှုကူညီရေးအသင်း ဥက္ကဌဦးသန်းကျော်သူ၊ ပခုက္ကူဂျာနယ်မှ အယ်ဒီတာဦး နေဦးမောင်၊ ဆိက္ခဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လွင်တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများသိရှိစေရန်အတွက် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၊ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၊ လမ်းဘေး လက်ဝဲဘက်လမ်းဆုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဗီနိုင်းဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_Oct2018
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
================================================ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တော်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာ၌ (၃-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ခြေ (၃) လုံး မီးလောင်ခဲ့သော်လည်း လူနေသည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု(၁)စုစာ၊ အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး တွေ့ဆုံဆွေးနွေးမှုသတင်း
အောက်တိုဘာ၊ ၄ရက်၊ နေပြည်တော် (၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ ဒေသစံတော်ချိန် (၁၈း၃၀) အချိန်တွင် ကုလသမဂ္ဂရုံး၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. FillippoGrandi နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် UNHCR မှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ … Read more
-
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် မော်လမြိုင်မြို့ရှိ အစောင့်ရှောက်ခံဘိုးဘွားများအား လှူဒါန်းမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ (အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့) တွင် မော်လမြိုင်မြို့ရှိ အစောင့်ရှောက်ခံဘိုးဘွား (၁၀၀) ဦးအတွက် pillow, Bed sheet, Mosquito Net, Blanket, Foldable Bed ပစ္စည်း (၅) မျိုးတို့အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mon_oct2018
-
ကျောင်းတွင်းအခြေပြု အသိပညာပေးဆွေးနွေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း
================================================ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၄-၁၀-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဘိုကလေးမြို့နယ်၊ အမှတ် (၈) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကျောင်းသား/သူများကို သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနက မီးဘေးအကြောင်း ဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးအကြောင်း သိကောင်းစရာများဟောပြောခြင်းနှင့် ကြက်ခြေနီသူနာပြုတပ်ခွဲက ရှေးဦးပြုစုခြင်းများ … Read more
-
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် ရှိ မိုင်တိုင်အမှတ် (၂၂၉/၂) နှင့် (၂၂၉/၃) အကြား၌ (၁-၁၀-၂၀၁၈) ရက်နေ့ (၂၃:၂၀) အချိန်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေသည့် လူနာ (၁၃) ဦးအား လူမှုကာကွယ်စောင့်ရှောက်ရေးအနေဖြင့် (၁) ဦးလျှင် (၅၀,၀၀ဝ/-) နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း (၆၅၀,၀၀ဝ/-) ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေနှင့် တာဝန်ရှိသူများက (၃-၁၀-၂၀၁၈) ရက်နေ့တွင် သွားရောက် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့တွေ့ဆုံမှုသတင်း
အောက်တိုဘာ၊ ၃ရက်၊ နေပြည်တော် (၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ရောက်ရှိနေသောလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ ဒေသစံတော်ချိန်နံနက် (၁၀း၀၀) အချိန်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအထူးကိုယ်စားလှယ် Ms. MamiMizutori နှင့် United Nations Office for Disaster Risk Reduction ရုံးတွင် တွေ့ဆုံခဲ့ ပါသည်။ … Read more
-
လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တင်ကုတ်ကြီး ကျေးရွာနှင့် ချဉ်မြစ်ကျဉ်းကျေးရွာတို့၌ (၁-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ် ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တင်ကုတ်ကြီးကျေးရွာရှိ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၄) လုံးမှ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ပစ္စည်း (၅) မျိုး(၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ် အားလည်းကောင်း၊ ချဉ်မြစ်ကျဉ်းကျေးရွာရှိ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၅) လုံးမှ အိမ်ထောင်စု (၅) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၀-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက် ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများသိရှိစေရန်အတွက် ဘားအံမြို့၊ အမှတ် (၁) စံပြဈေး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #krn_Oct2018









