လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အောက်တိုဘာလ (၁၃) ရက်နေ့တွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနား သို့ လူမှုရေးဝန်ကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း (၂၇၀) ဦးခန့်တတ်ရောက် ခဲ့ပါကြောင်း၊ အဆိုပါအခမ်းအနား၌ လူမှုရေးဝန်ကြီး က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဒေါ်နီနီခိုင် (Unicef Myanmar) က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားသို့ တတ်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကာ အခမ်းအနားအပြီးတွင် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပိုစတာများနှင့် စာအုပ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#otr
#sgg_oct2018