မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များပေး အပ်မှုသတင်း

15 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန် ကျေးရွာအုပ်စု၊ အလယ်မန်ကျေးရွာ၌ (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ မိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး နှစ်စဉ်မိုးကြိုးထိမှန်သေဆုံးမှုဖြစ်ပေါ်မှုပိုမိုများပြားလှသည့်အတွက် အလယ်မန်ကျေးရွာအုပ်ချုပ်ရေးမှူးအား လက်တလောတွင် အိမ်ခြေ (၂၀၀) အတွက် မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင် (၂၀၀) နှင့် အုပ်ချုပ်ရေးမှူးရုံးနှင့် လူအများအလွယ်တကူဖတ်ရှုနိုင်သောနေရာများအတွက် မိုးကြိုးဘေး ပိုစတာ (၁၀) စောင်အား ပေးအပ်၍ မိမိတို့ဌာနအနေဖြင့် လတ်တလောတွင် အိမ်တိုင်းစေ့ လက်ကမ်းစာစောင်များ ဖြန့်ဝေနိုင်ရန်အခက်အခဲရှိ ပါ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် ရာအိမ်မှူး ဆယ်အိမ်မှူးများမှတဆင့် အိမ်ခြေ (၂၀၀) အတွက် မိုးကြိုးဘေး လက်ကမ်းစာစောင်များဖြန့်ဝေပြီး စာစောင်များတွင်ပါရှိသော လျှပ်စီးလက် မိုးခြိမ်းနေပါက မည်သို့ပြုမှုနေထိုင်ဆောင်ရွက်သင့်သည်ကို ကျေးရွာသူ/သားများအား ဖတ်မိစေရန်နှင့် လိုက်နာကျင့်ကြံနိုင်ရန် တိုက်တွန်းဆောင်ရွက်ပေးစေ လိုပါသဖြင့် ယခုကဲ့သို့ ပေးအပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_tls
#ar_tls
#tny_Oct2018

Sign Up

Upcoming Events