
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈)ရက်နေ့ ညနေ (၁ရး၃၀)အချိန် မြောက်ဦးမြို့နယ်၊ ဘာညိုကျေးရွာအုပ်စု၊ ဘာညိုကျေးရွာနေ ကျော်တင်ဝင်း(ဘ)ဦးအောင်ကျော်ဇော၊ အသက်(၂၉)နှစ် လယ်လုပ်၊ တစ်ရွာတည်းနေ ဘလှိုင်(ဘ)ဦးစံသာလှ၊ အသက်(၂၇)နှစ်၊ သူရင်းငှါးနှင့် ဆန်းမြရီ (ဘ)ဦးငိုကြူးအောင် အသက်(၂၆)နှစ်တို့ (၃)ဦးမှာ ဘာညိုကျေးရွာ၏ အနောက်ဘက်လယ်ကွင်းတွင် နွားစာမြက်ရိတ်နေစဉ် မိုးရွာ သွန်းမှုကြောင့် ဦးလှဖော်အောင်၏ လယ်တဲတွင်ခိုနားနေကြရာ မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့ရသဖြင့် သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ ငွေ(၉၀၀,၀၀၀/-)ကျပ်အား (၁၅-၁၀-၂၀၁၈)ရက်နေ့တွင် သေဆုံးသူများ၏ မိဘဆွေမျိုးများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_tls
#rke_oct2018
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)