အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အသိပညာပေးအခမ်းအနားပြုလုပ်ခြင်း

16 Pic 01

16 Pic 02

16 Pic 03

================================================
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ မဟာအောင်တော်မူဘုရာဝင်းအတွင်းရှိ ချိုကြည်သာသနာ့ဗိမာန်တော်ကြီး၌် ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အသိပညာပေးအခမ်းအနားအား World Vision Myanmar နှင့် စိုပြေမြန်မာလူမှုဖွံ့ဖြိုးမှုကူညီရေးအဖွဲ့တို့နှင့်ပူးပေါင်းကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ ဆောင်ပုဒ်ဖြစ်သော “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့ဘေးဒဏ်ကြောင့်စီးပွားဆုံးရှုံးမှုလျော့ချစို့” ခေါင်းစဉ်ဖြင့် သက်ဆိုင်ရာကဏ္ဏအလိုက် ဆွေးနွေးဟောပြောခဲ့ကြပါသည်။ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့ဝင်များ၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ CSOများ၊ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events