အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား ၂၀၁၈ ကျင်းပပြုလုပ်မှုသတင်း

15 Pic 01 15 Pic 02 15 Pic 03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားကို (၁၃-၁၀-၂၀၁၈) ရက်နေ့တွင် မဟာသရေစည်သူ ဦးဘခန်းမ၊ ပညာရေးကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေမှ ဖွင့်ပွဲမိန့်ခွန်းပြောကြားခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦၤးတင်ထူးအောင်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားခြင်း၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘေးစီမံ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းမှ အပြည်ပြည် ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား ဖြစ်ပေါ်လာပုံနှင့် အခမ်းအနားပြုလုပ်ရခြင်းအားရှင်းလင်းပြောကြားခြင်း၊ The Johanniter မှ ဦးစိုးသန်းက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်း၊ အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဌမှ CSOs များအနေဖြင့် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရှေ့ဆက်ဆောင်ရွက်မှုများအားရှင်းလင်းပြောကြားခြင်း၊ အထိမ်း အမှတ် ဗီဒီယိုမှတ်တမ်းအား ကြည့်ရှု့ခြင်း၊ အလွတ်တန်းဆောင်းပါး၊ထက်/လယ် စာစီစာကုံး၊ ထက်/လယ်/မူပန်းချီတို့တွင် ဆုရရှိ သူ များအားဆုချီးမြှင့်ခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့် ဓါတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှု့ခြင်းများကို ဆောင်ရွက်ခဲ့ကြရာ လူအင်အား (၄၁၀) ဦးခန့်တက်ရောက်ခဲ့ပြီး မနက် (၁၁) နာရီအချိန်တွင် အခမ်းအနားအား ခေတ္တခဏ ရပ်နားခဲ့ပါသည်၊၊
ဆက်လက်၍ နေ့လည် (၁၂) နာရီတွင် အခမ်းအနားအား ပြန်လည်စတင်ခဲ့ပြီး “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျှော့ချစို့” ဆိုတဲ့ခေါင်းစဉ်အား ဦးတည်၍ စကားဝိုင်းကျင်းပရာ ပညာရေးကောလိပ်မှ ကျောင်း ဆရာ/ ဆရာမများ၊ The Leprosy Mission Myanmar ၏ စီမံကိန်းကျေးရွာများနေ ပြည်သူများနှင့် ဌာနဆိုင်ရာများတို့မှ အပြန် အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကာအမေးအဖြေများအတွက် လက်ဆောင်ပစ္စည်းများချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြရာ လူအင်အား (၃၂၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#otr
#mgy_Oct

Sign Up

Upcoming Events