လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

15 Pic_05 15 Pic_06လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ ကျောက်တာ ကျေးရွာ၌ (၁၂-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်န ေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္ စည်းဖိုးထောက်ပံ့ငွေ (၂၆၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ ဘေးသင့်ပြိုကျနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ ဘေးသင့်အိမ်ထောင်စု (၁၀) စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၃၈,၆၀၀/-) ကျပ်အားလည်ကောင်း၊ ဒဏ်ရာရပြည်သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၄၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် လေဘေးကြောင့် ပြိုလဲသစ်ပင်များရှင်းလင်းရန် စက်သုံးဆီဖိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၉၀၈,၆၀၀/-) ကျပ် အား (၁၃-၁၀-၂၀၁၈) ရက်နေ့တွင် စစ်ကိုင်းတိုင်းဦးစီးမှူးနှင့် စစ်ကိုင်းခရိုင်အုပ်ချုပ်ရေးမှူးတို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#sgg_oct2018

Sign Up

Upcoming Events