ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

15_Pic_01 15_Pic_02

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ပန်းမြောင်း၊ ကျေးရွာအုပ်စုဥယျာဉ်သာရပ်တွင် (၁၂-၁၀-၂၀၁၈)ရက်နေ့ ဖြစ်ပွားသော လေးမြို့ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမည်ဖြစ်သဖြင့် ကမ်းပါးမပြိုကျမီ ကြိုတင်ဖျက်သိမ်း၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော လူနေအိမ် (သွပ်မိုး/ဝါးထရံကာ/ပျဉ်ခင်း)(၅)လုံး အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၈)ပြည်တို့အား (၁၅-၁၀-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ ထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#rke_oct2018

Source:       မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events