စစ်တွေ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ် စစ်တွေမြို့၌ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးဦးအောင်ကျော်ဇံတို့နှင့်အတူ ယနေ့တွင် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာရှိပိတ် သိမ်းပြီး IDP စခန်းများအားလေ့လာကြည့်ရှုကြသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေဟိုတယ်၌ လူထု အခြေပြုအရပ်ဘက်အဖွဲ့ အစည်းများနှင့် တွေ့ဆုံသည်။
ယင်းနောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်နှင့် ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ရှိ ဗန္ဓုလရိပ်သာ၌ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးတင့်နိုင်နှင့် တွေ့ဆုံသည်။
ထို့နောက် အထူးကိုယ်စားလှယ်အဖွဲ့သည် ကျောက်တော်မြို့နယ်၊ နိဒင်ကျေးရွာရှိပိတ်သိမ်းပြီး IDP စခန်းများအား လေ့လာကြည့်ရှုခဲ့ပြီး အသိုင်းအဝန်း ၂ ခုသင့်မြတ်စွာနေထိုင်ကြသည့် ခေါင်းတုတ်ရွာသို့ သွားရောက်ကာဒေသခံများနှင့် တွေ့ဆုံ ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများပိတ်သိမ်းရေးကိုဆောင်ရွက်လျက်ရှိရာ ကျောက်တော်၊ နိဒင် IDP စခန်းအတွက် လုံးချင်းနေအိမ် ၈၅လုံး တည်ဆောက်ပြီးဖြစ်၍ နေရာချထားပေးကာစခန်းပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
#hl2
#rke_Oct2018