Category Archives: News
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၈)ရက်နေ့ (၁၄း၄၅)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စု၊ ဥယျာဉ်စုကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်နေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၀,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး (ပလပ်စတစ်ပုံးအပါ)(၂)အိမ်ထောင်စာ၊ တန်ဖိုးငွေ(၇၆,၄၃၂/-)ကျပ်အား (၂၈-၁၁-၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီအချိန်၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ တောင်ဦးရွာကျေးရွာအုပ် ချုပ်ရေးမှူးရုံး၌ (၂၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီအချိန်အထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ ကျေးရွာသားစုစုပေါင်း (၇၀) ဦးခန့်ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_nov2018 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၌ (၂၅-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၇-၁၁-၂၀၁၈) ရက်နေ့ (၁၆း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #bgo_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အခြေခံပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဖျာပုံမြို့၊ အမှတ်(၁၈)ရပ်ကွက် အ.လ.က(၂)ကျောင်း တွင် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ သဘာ၀ ဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြု လုပ်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမစုစုပေါင်း(၂၀၀)ဦးမှ စိတ်ပါဝင်စား စွာတက်ရောက်၍ အသိပညာဗဟုသုတပေးနိုင်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာ များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အခြေခံပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ အ.လ.က ကျောင်းတွင် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၂၀၀)ဦးမှ စိတ်ပါဝင်စား စွာတက်ရောက်၍ အသိပညာဗဟုသုတပေးနိုင်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာ များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည်(၂၅-၁၁-၂၀၁၈) ရက်နေ့ဖြစ်ပွားသော ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်းစုကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာမီးဘေး သင့် အိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁)သိန်း၊ လူဦးရေ (၆)ဦးအတွက် ဆန်ဖိုး(၁၂၆၀၀/-)ကျပ် စုစုပေါင်း(၁၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး၊ family kit တစ်ပုံးတို့အား (၂၇-၁၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_fir #bgo_nov2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဆူနာမီသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့တို့နှင့်ပူးပေါင်း၍ AVSI Foundation Myanmar ၏ပံ့ပိုးမှုဖြင့် လပွတ္တာမြို့နယ်၊ လပွတ္တာလုပ်မြောက်ကျေးရွာအုပ်စု၊ လပွတ္တာလုပ်မြောက်ကျေးရွာ၌ (၂၇-၁၁-၂၀၁၈) ရက်နေ့၊ (၁၂:၀၀) အချိန်တွင် ဆူနာမီသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကျောင်းသား/သူ (၅၀) ဦး၊ ပြည်သူ (၃၀၀) ဦး၊ စုစုပေါင်း (၃၅၀) ဦးခန့်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #simex_tmi #ayy_nov2018 … Read more
-
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီရန်ရောက်ရှိ
================================================== နိုဝင်ဘာ ၂၇၊ နေပြည်တော်——————– စင်္ကာပူနိုင်ငံ၌ နိုဝင်ဘာလ(၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီ ထိပ်သီးအစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre မှ လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ် ဆောင်ရွက်ပေးရန်နှင့် ပြန်လည်လက်ခံ ပေါင်းစည်းရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီရန် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်အရ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် ဒေါက်တာ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးကျင်းပပြုလုပ် မှုသတင်း
နိုဝင်ဘာ ၂၇၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယ အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ USAID တို့နှင့်ပူးပေါင်း၍ နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများကို ခေတ်ကာ လနှင့် လိုက်လျောညီထွေရှိစေရေး၊ နိုင်ငံ တကာစံချိန် စံနှုန်းများနှင့် လိုက်လျော ညီထွေဖြစ်စေရေး၊ ပြည်သူ လူထုအတွက် ပိုမို ထိရောက်သည့် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ လာရောက်တွေ့ဆုံ
================================================== နိုဝင်ဘာ ၂၇၊ နေပြည်တော်—————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Janet E. Jackson ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ လူငယ်မူဝါဒ ရေးဆွဲပြီးဖြစ်ရာ မူဝါဒအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် … Read more









