
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည်(၂၅-၁၁-၂၀၁၈) ရက်နေ့ဖြစ်ပွားသော ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်းစုကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာမီးဘေး သင့် အိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁)သိန်း၊ လူဦးရေ (၆)ဦးအတွက် ဆန်ဖိုး(၁၂၆၀၀/-)ကျပ် စုစုပေါင်း(၁၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး၊ family kit တစ်ပုံးတို့အား (၂၇-၁၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_fir
#bgo_nov2018
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)