လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့တို့နှင့်ပူးပေါင်း၍ AVSI Foundation Myanmar ၏ပံ့ပိုးမှုဖြင့် လပွတ္တာမြို့နယ်၊ လပွတ္တာလုပ်မြောက်ကျေးရွာအုပ်စု၊ လပွတ္တာလုပ်မြောက်ကျေးရွာ၌ (၂၇-၁၁-၂၀၁၈) ရက်နေ့၊ (၁၂:၀၀) အချိန်တွင် ဆူနာမီသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကျောင်းသား/သူ (၅၀) ဦး၊ ပြည်သူ (၃၀၀) ဦး၊ စုစုပေါင်း (၃၅၀) ဦးခန့်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#simex_tmi
#ayy_nov2018