ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ လာရောက်တွေ့ဆုံ

28 Pic 01
==================================================
နိုဝင်ဘာ ၂၇၊ နေပြည်တော်—————–

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Janet E. Jackson ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ လူငယ်မူဝါဒ ရေးဆွဲပြီးဖြစ်ရာ မူဝါဒအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ရန်အချက်များ၊ လူငယ်များနှင့် ပတ်သက်သည့် လုပ်ငန်းစီမံချက်များတွင် လူငယ်များ ပါဝင်နိုင်ရေး၊ အထူးသဖြင့် တိုင်းရင်းသား လူငယ်များ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းသားလူငယ်များအနေဖြင့် လူမှုရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လူမှုဝန်ထမ်းလုပ်ငန်း များ၏ အရေးပါမှုများနှင့် လူမှုဝန်ထမ်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် လူမှုရေးလုပ်သားများ မွေးထုတ်ခန့်ထားနိုင်ရေးကိစ္စရပ်များ၊ ရန်ကုန်မြို့တွင် စတင်တည်ထောင်မည့် Social Work Institute အတွက် ငွေကြေးနှင့်နည်းပညာအကူအညီများ ရရှိနိုင်ရေးကိစ္စရပ်များ၊ အမျိုးသမီးများ အပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးနိုင်ရေးလုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအရေးကိစ္စနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

Sign Up

Upcoming Events