
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အခြေခံပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဖျာပုံမြို့၊ အမှတ်(၁၈)ရပ်ကွက် အ.လ.က(၂)ကျောင်း တွင် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ သဘာ၀ ဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြု လုပ်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမစုစုပေါင်း(၂၀၀)ဦးမှ စိတ်ပါဝင်စား စွာတက်ရောက်၍ အသိပညာဗဟုသုတပေးနိုင်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာ များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_nov2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)