
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အခြေခံပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ အ.လ.က ကျောင်းတွင် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၂၀၀)ဦးမှ စိတ်ပါဝင်စား စွာတက်ရောက်၍ အသိပညာဗဟုသုတပေးနိုင်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာ များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_nov2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)