
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၈)ရက်နေ့ (၁၄း၄၅)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စု၊ ဥယျာဉ်စုကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်နေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၀,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး (ပလပ်စတစ်ပုံးအပါ)(၂)အိမ်ထောင်စာ၊ တန်ဖိုးငွေ(၇၆,၄၃၂/-)ကျပ်အား (၂၈-၁၁-၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီအချိန်၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#bgo_nov2018
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)