Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးပြခန်းဖွင့်လှစ်ဆောင်ရွက်ခဲ့မှုသတင်း
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ကြီးမှူးကျင်းပသော “ကလေးစာပေပွဲတော်”ကို (၂၈.၃.၂၀၁၉)နေ့မှ (၃၀.၃.၂၀၁၉)နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူး တက္ကသိုလ်၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြခန်း” ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ယင်းပြခန်း၌ ဂိမ်းကစားရင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာသိမှတ်ဖွယ်ရာ အမေးအဖြေမေးခွန်းများကိုဖြေဆိုစေခြင်းဖြင့် ဆုလက်ဆောင်များကို ပြန်လည်ချီးမြှင့် ပေးခဲ့ခြင်း၊ LEDဆိုင်းဘုတ်များထောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ပညာပေး ပြသ ခြင်း၊ Shake Tableဖြင့် ငလျင်လှုပ်ခြင်းသဏ္ဌာန်တူပုံစံများပြသ၍ အသိပညာပေးဝေခြင်း၊ ဂိမ်းကတ်ပြား … Read more
-
သဘာဝဘေးနှင့် ပတ်သက်၍ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း
(၃၀-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာအုပ်စု၊ ပွင့်ဖြူကျေးရွာတွင် ပြည်သူ လူထု(၃၀)ဦးကိုလည်းကောင်း၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ကြာကြီးကွင်းကျေးရွာအတွင်းရှိ ဓမ္မာရုံတွင် ပြည်သူလူထု(၃၀)ဦးအား လည်းကောင်း သဘာဝဘေးနှင့် ပတ်သက်၍ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_mar2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြစ်ကြီးနားမြို့တွင် လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်နိုင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးသင်တန်းဖွင့်ပွဲနှင့်လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ မြစ်ကြီးနား ပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပပြုလုပ်သော စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာတွင်(၁၉-၃-၂၀၁၉)ရက်နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်ဘေးသင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၃၀)တို့အတွက်ဆန်ရိက္ခာဖိုး(၆၃,၀၀ဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၁၇,၆၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၈၀,၆၀ဝ)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၆)အိမ်ထောင်စုစာအား (၃၀-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်မိသားစုထံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #kcn_mar2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မကွေးမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ငါးဆောင် ကျေးရွာတွင် (၃၀-၃-၂၀၁၉) ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၄၀၀) ကျပ်နှင့် အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး တို့အား (၃၁-၃-၂၀၁၉) ရက်နေ့ (၉:၃၀) … Read more
-
လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေလများတွင် လေပြင်းများ ကျရောက်နိုင်သဖြင့် (၃၀-၃-၂၀၁၉)ရက်နေ့၌ ကသာမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ကချင်စုကျေးရွာတွင် လေဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ် သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များဖြစ်စေရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ကျေးရွာကော်မတီဝင်များနှင့်အတူ လေဘေးဒဏ် ခံရနိုင်ဖွယ်ရှိသော အိမ်များကို ပြုပြင် ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #sgg_mar2019 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးမှုသတင်း
(၂၉-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များအား ထားဝယ်မြို့နှင့် ရေဖြူမြို့အတွင်းရှိ ရပ်ကွက်များသို့ ဝေငှအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_mar2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) ရက်နေ့တွင် ညနေ(၁၆:၀၀) မှ(၁ရ:၃၀) ထိ ကျိုင်းတုံမြို့၊ အမှတ်(၁) ရပ်ကွက်၊ စွန်မွန်းရပ် လမ်းပြကြယ် (The School Of Restoration) ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများ ကြောင့်ဖြစ်ပွါးတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ်နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် တက်ရောက်သူ … Read more
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလ များတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၃၀-၃-၂၀၁၉)ရက်နေ့၌ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာတွင် လေပြင်းဘေး အန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေဘေးအန္ တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံ နိုင်ရည်ရှိသော လူနေအိမ်များဖြစ်စေရေး အတွက် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #mgy_mar2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၉-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မျှားပိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ ထန်းပင် ချောင်းကျေးရွာ၊ ငါးရံ့ခြောက် တောတဲတိုက်၌ (၂၆-၃-၂၀၁၉)ရက်နေ့၊ တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးဒုက္ခခံစားခဲ့ရသော အိမ်ခြေ(၃)လုံးတွင် အိမ်ထောင်စု (၃)စုမှ ကျား(၃)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၇) ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄,၇၀၀)ကျပ် နှင့် အိမ်ထောင်စု(၂) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးပါ ပလပ်စတစ်ပုံး(၂)ပုံး အားလည်းကောင်း၊ … Read more









