လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ငါးဆောင် ကျေးရွာတွင် (၃၀-၃-၂၀၁၉) ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၄၀၀) ကျပ်နှင့် အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး တို့အား (၃၁-၃-၂၀၁၉) ရက်နေ့ (၉:၃၀) အချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်
# ha_sgw
# mgy_mar2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)