သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးပြခန်းဖွင့်လှစ်ဆောင်ရွက်ခဲ့မှုသတင်း

31_Pic_01 31_Pic_02 31_Pic_03 31_Pic_04
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ကြီးမှူးကျင်းပသော “ကလေးစာပေပွဲတော်”ကို (၂၈.၃.၂၀၁၉)နေ့မှ (၃၀.၃.၂၀၁၉)နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူး တက္ကသိုလ်၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြခန်း” ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ယင်းပြခန်း၌ ဂိမ်းကစားရင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာသိမှတ်ဖွယ်ရာ အမေးအဖြေမေးခွန်းများကိုဖြေဆိုစေခြင်းဖြင့် ဆုလက်ဆောင်များကို ပြန်လည်ချီးမြှင့် ပေးခဲ့ခြင်း၊ LEDဆိုင်းဘုတ်များထောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ပညာပေး ပြသ ခြင်း၊ Shake Tableဖြင့် ငလျင်လှုပ်ခြင်းသဏ္ဌာန်တူပုံစံများပြသ၍ အသိပညာပေးဝေခြင်း၊ ဂိမ်းကတ်ပြား လေးများဖြင့် မေးခွန်းများဖြေဆို၍ ဆုလက်ဆောင်များချီးမြှင့်ပေးခြင်း၊ Computer Software ဂိမ်းများဖြင့် မေးခွန်းများကိုဖြေဆိုစေခြင်းဖြင့် ဆုလက်ဆောင်များချီးမြှင့်ပေးခြင်းအစီအစဉ်များ ထည့်သွင်းပြသခဲ့ရာ ကလေး သူငယ်၊ လူရွယ်လူကြီးများပါမကျန် စိတ်ပါဝင်စားစွာ လာရောက်လေ့လာခြင်း၊ ဂိမ်းကစားခြင်းဖြင့် စည်းကား သိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

#ar
#bgo_mar2019

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events