လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလ များတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၃၀-၃-၂၀၁၉)ရက်နေ့၌ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာတွင် လေပြင်းဘေး အန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေဘေးအန္ တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံ နိုင်ရည်ရှိသော လူနေအိမ်များဖြစ်စေရေး အတွက် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#mgy_mar2019