သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) ရက်နေ့တွင်  ညနေ(၁၆:၀၀) မှ(၁ရ:၃၀) ထိ ကျိုင်းတုံမြို့၊  အမှတ်(၁) ရပ်ကွက်၊ စွန်မွန်းရပ် လမ်းပြကြယ် (The School Of Restoration) ခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများ ကြောင့်ဖြစ်ပွါးတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ်နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် တက်ရောက်သူ စုစုပေါင်း (၁၆၀) ဦးအား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

#ar#shn_mar2019Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events