လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

31_Pic_01 31_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေလများတွင် လေပြင်းများ ကျရောက်နိုင်သဖြင့် (၃၀-၃-၂၀၁၉)ရက်နေ့၌ ကသာမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ကချင်စုကျေးရွာတွင် လေဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ် သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များဖြစ်စေရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ကျေးရွာကော်မတီဝင်များနှင့်အတူ လေဘေးဒဏ် ခံရနိုင်ဖွယ်ရှိသော အိမ်များကို ပြုပြင် ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

#sgg_mar2019

Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events