
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာတွင်(၁၉-၃-၂၀၁၉)ရက်နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်ဘေးသင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၃၀)တို့အတွက်ဆန်ရိက္ခာဖိုး(၆၃,၀၀ဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၁၇,၆၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၈၀,၆၀ဝ)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၆)အိမ်ထောင်စုစာအား (၃၀-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်မိသားစုထံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#kcn_mar2019
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)