(၂၉-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မျှားပိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ ထန်းပင် ချောင်းကျေးရွာ၊ ငါးရံ့ခြောက် တောတဲတိုက်၌ (၂၆-၃-၂၀၁၉)ရက်နေ့၊ တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးဒုက္ခခံစားခဲ့ရသော အိမ်ခြေ(၃)လုံးတွင် အိမ်ထောင်စု (၃)စုမှ ကျား(၃)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၇) ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄,၇၀၀)ကျပ် နှင့် အိမ်ထောင်စု(၂) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုးပါ ပလပ်စတစ်ပုံး(၂)ပုံး အားလည်းကောင်း၊ အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး အားလည်းကောင်း၊ ပျက်စီးဆုံးရှုံးခဲ့သော အိမ်(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀) ကျပ်စုစုပေါင်း(၃၁၄,၇၀၀) ကျပ်ကို ထန်းပင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#mgy_mar2019
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)