Category Archives: News
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃.၄.၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ မိုးခို ကျေးရွာနှင့် မဘီးကျေးရွာအုပ်စု၊ မဘီးရွာဟောင်းကျေးရွာတို့သို့ ရွှေကျင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ရွှေကျင်လူငယ်ပရဟိတအသင်းအဖွဲ့ဝင်များနှင့်အတူသွားရောက်ပြီး လေဘေးကြိုတင်ကာ ကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နော်ဝေနိုင်ငံသံအမတ်ကြီးနှင့် မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ်တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnesနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်အောင်နှင့်အဖွဲ့တို့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် မကြာသေးမီက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် နော်ဝေအပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၏ ခရီးစဉ်အောင်မြင်စွာ ပြီးဆုံးခဲ့မှုနှင့် နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ (၅-၃-၂၀၁၉) ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ”Information Workshop on the International Anti-Personnel Mine Ban Convention”နှင့်ပတ်သက်၍ … Read more
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၄၂၀၁၉)ရက်နေ့တွင် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီးကျေးရွာ အုပ်စု၊ ကျောက်တန်းကြီးကျေးရွာနှင့် နေရာပျံချီကျေးရွာများတွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေး အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကျေးရွာ စာရေး၊ အရံမီးသတ်များ၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် အတူပူးပေါင်း၍ နေအိမ်များပြုပြင်ပေးခြင်း၊ ဗီနိုင်းစိုက်ထူခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၁၉) ရက်နေ့၌ လေဘေးဖြစ်ပွားမှုကြောင့် ကြံခင်းမြို့နယ်၊ ကျေးရွာအုပ်စု (၅) အုပ်စုအတွင်းရှိ ကျေးရွာ (၁၂) ရွာတို့တွင် အိမ်ခြေ (ဝါးအိမ်) (၂) လုံး ပြိုလဲပျက်စီးခြင်းနှင့် အိမ်ခြေ (၅၂) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၉၁၀၀၀၀) ကျပ်၊ ဘာသာရေးအဆောက်အဦ (၁) ကျောင်း တစ်စိတ် တစ်ပိုင်းပျက်စီးခြင်းအတွက် ထောက်ပံ့ ငွေ (၁၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ … Read more
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၁၉) ရက်နေ့တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ သနပ်ပင်မြို့ ဈေးထိပ်၌ မုန်တိုင်းဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်း ဆိုင်းဘုတ် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဝါးရုံချောင်းအုပ်စု၊ ဝါးရုံချောင်းကျေးရွာနှင့် အကယ်ကျေးရွာတို့တွင် (၂-၄-၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး ခဲ့သော လေဘေးသင့်အိမ်ခြေ(၂) လုံး၊ ၎င်းအိမ်ထောင်စု(၂)စုရှိ လူဦးရေ(၇)ဦး တို့အတွက် (၆၄,၇၀၆/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး(၂)အိမ်ထောင်စု ကိုလည်းကောင်း အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-)ကျပ် ဆန်ရိက္ခာဖိုး (၁၄,၇၀၀/-)ကျပ် -စုစုပေါင်းထောက်ပံ့ ရန်ပုံငွေ(၂၁၄,၇၀၀/-)ကျပ်ကိုလည်းကောင်း care myanmar ပိုက်ဖျာ(၂)ချပ်ကို လည်းကောင်း လေးမျက်နှာမြို့နယ်၊ ဝါးရုံချောင်းအုပ်စု၊ ဝါးရုံချောင်းကျေးရွာ၊ အကယ်ကျေးရွာ၊ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
မိုးကောင်းမြို့နယ်၊ ထိုပူးကျေးရွာအုပ်စု၊ ထိုပူးကျေးရွာ၌ (၃၀-၃-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးဘေးသင့်မှုကြောင့် ရုံးမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း (၁) ထပ်လူနေအိမ် (၁) လုံး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်လူဦးရေ (၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၁၀၅ဝဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ) ကျပ်နှင့် (၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀ဝ) ကျပ်တို့အား (၄-၄-၂၀၁၉) ရက်နေ့ (၀၉:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး … Read more
-
မီဘေးထောက်ပံ့မှုသတင်း
မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအုပ်စု၊ နန့်ဟိုင်ကျေးရွာ၌ (၃၀-၃-၂၀၁၉) ရက်နေ့ (၀၉:၄၅) အချိန်တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ ရုံးမိုး၊ ဝါးထရံကာ၊ ကြမ်းခင်း၊ ခြေတံရှည်နေအိမ် (၁) လုံး မီးဘေးသင့်ခဲ့ပြီး အဆိုပါ မီးဘေးသင့်မှုအတွက် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၂၆ဝဝ) ကျပ်နှင့် (၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၆၀ဝ) ကျပ်တို့အား (၃-၄-၂၂၀၁၉) ရက်နေ့တွင် … Read more
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည်ကံမမြို့နယ်၊ (ကျွန်းကလေး၊ ထောက်ရှာခုံ၊ ထန်းလေးပင်၊ ဝန်လိုကိုင်း) ကျေးရွာတို့တွင် (၂.၄.၂၀၁၉) ရက်နေ့၊ (၁ရး၀၀)နာရီမှ (၁ရး၃၀)နာရီ အချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၇)လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၁၇)စု၊ လူဦးရေ စုစုပေါင်း (၆၂)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၆၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၃၀,၂၀၀/-)ကျပ်နှင့် နေအိမ် (၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၁၀,၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၆၄၀,၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၇)အိမ်ထာင်စာတို့အား (၃.၄.၂၀၁၉) ရက်နေ့တွင် … Read more
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အင်းကြီးကျေးရွာအုပ်စုနှင့် လိပ်ခုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာတို့တွင် (၂.၄.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ (၁၇) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၉၄,၀၀၀/-)ကျပ် ဘေးသင့်လူဦးရေ(၇၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၆၃,၈၀၀/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁,၁၀၃,၈၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁၇)အိမ်ထောင်စာ (တန်ဖိုး-၃၁၄,၆၇၀/-)ကျပ် care myanmar ပလတ်စတစ်ဖျာ (၁၇)ချပ် စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး (၁,၄၁၈,၄၇၀/-) ကျပ်တို့အား (၃-၄-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more









