လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၁၉) ရက်နေ့၌ လေဘေးဖြစ်ပွားမှုကြောင့် ကြံခင်းမြို့နယ်၊ ကျေးရွာအုပ်စု (၅) အုပ်စုအတွင်းရှိ ကျေးရွာ (၁၂) ရွာတို့တွင် အိမ်ခြေ (ဝါးအိမ်) (၂) လုံး ပြိုလဲပျက်စီးခြင်းနှင့် အိမ်ခြေ (၅၂) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၉၁၀၀၀၀) ကျပ်၊ ဘာသာရေးအဆောက်အဦ (၁) ကျောင်း တစ်စိတ် တစ်ပိုင်းပျက်စီးခြင်းအတွက် ထောက်ပံ့ ငွေ (၁၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၁၈၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၃၈၀၁၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၁၀၃၈၀၀) ကျပ်၊ (၃) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးနှင့် (၅၂) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ care myanmar ပလတ်စတစ်ဖျာ (၅၅) ချပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၅၄၄၉၆၇၉) တို့အား (၃-၄-၂၀၁၉) ရက်နေ့တွင် ကြံခင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်.ဒေါက်တာ ဦးထွန်းလင်းမော်နှင့် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှမြို့နယ်အုပ်ချုပ်ရေးမှူး .ဦးကျော်ကျော်လွင်နှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
# ha_sgw
# ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)