လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

4_Pic_02 4_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဝါးရုံချောင်းအုပ်စု၊ ဝါးရုံချောင်းကျေးရွာနှင့် အကယ်ကျေးရွာတို့တွင် (၂-၄-၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး ခဲ့သော လေဘေးသင့်အိမ်ခြေ(၂) လုံး၊ ၎င်းအိမ်ထောင်စု(၂)စုရှိ လူဦးရေ(၇)ဦး တို့အတွက် (၆၄,၇၀၆/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး(၂)အိမ်ထောင်စု ကိုလည်းကောင်း အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-)ကျပ် ဆန်ရိက္ခာဖိုး (၁၄,၇၀၀/-)ကျပ် -စုစုပေါင်းထောက်ပံ့ ရန်ပုံငွေ(၂၁၄,၇၀၀/-)ကျပ်ကိုလည်းကောင်း care myanmar ပိုက်ဖျာ(၂)ချပ်ကို လည်းကောင်း လေးမျက်နှာမြို့နယ်၊ ဝါးရုံချောင်းအုပ်စု၊ ဝါးရုံချောင်းကျေးရွာ၊ အကယ်ကျေးရွာ၊ ကြာအင်းကျေးရွာ တို့တွင် (၂-၄-၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ် မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော လေဘေးသင့်အိမ်ခြေ (၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုရှိလူဦးရေ (၃၉)ဦးတို့အတွက် (၁၈,၅၁၀) ကျပ် တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၁) အိမ်ထောင်စာ ကိုလည်ကောင်း အိမ်ဆောက်ပစ္စည်းဖိုး (၁,၀၅၀,၀၀၀/-)ကျပ် ဆန်ရိက္ခာဖိုး (၈၁၉၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၁၃၁,၉၀၀/-) ကျပ်ကိုလည်းကောင်း care myanmar ပိုက်ဖျာ(၁၁)ချပ်တို့အား (၃-၄-၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_apr2019
Source:    ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events