မီးဘေးထောက်ပံ့မှုသတင်း

 

မိုးကောင်းမြို့နယ်၊ ထိုပူးကျေးရွာအုပ်စု၊ ထိုပူးကျေးရွာ၌ (၃၀-၃-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးဘေးသင့်မှုကြောင့် ရုံးမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း (၁) ထပ်လူနေအိမ် (၁) လုံး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်လူဦးရေ (၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၁၀၅ဝဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ) ကျပ်နှင့်  (၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊  စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀ဝ) ကျပ်တို့အား (၄-၄-၂၀၁၉) ရက်နေ့ (၀၉:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊  မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#khn_apr2019Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events