
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည်ကံမမြို့နယ်၊ (ကျွန်းကလေး၊ ထောက်ရှာခုံ၊ ထန်းလေးပင်၊ ဝန်လိုကိုင်း) ကျေးရွာတို့တွင် (၂.၄.၂၀၁၉) ရက်နေ့၊ (၁ရး၀၀)နာရီမှ (၁ရး၃၀)နာရီ အချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၇)လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု (၁၇)စု၊ လူဦးရေ စုစုပေါင်း (၆၂)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၆၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၃၀,၂၀၀/-)ကျပ်နှင့် နေအိမ် (၁၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၁၀,၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၆၄၀,၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁၇)အိမ်ထာင်စာတို့အား (၃.၄.၂၀၁၉) ရက်နေ့တွင် ကံမမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2019
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)