လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

4_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အင်းကြီးကျေးရွာအုပ်စုနှင့် လိပ်ခုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာတို့တွင် (၂.၄.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ (၁၇) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၉၄,၀၀၀/-)ကျပ် ဘေးသင့်လူဦးရေ(၇၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၆၃,၈၀၀/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁,၁၀၃,၈၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁၇)အိမ်ထောင်စာ (တန်ဖိုး-၃၁၄,၆၇၀/-)ကျပ် care myanmar ပလတ်စတစ်ဖျာ (၁၇)ချပ် စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး (၁,၄၁၈,၄၇၀/-) ကျပ်တို့အား (၃-၄-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးဖြစ်ပွားရာဒေသသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါ သည်။

#ha_sgw
#ayy_apr2019

Source:    ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events