ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နော်ဝေနိုင်ငံသံအမတ်ကြီးနှင့် မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ်တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnesနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်အောင်နှင့်အဖွဲ့တို့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် မကြာသေးမီက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် နော်ဝေအပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၏ ခရီးစဉ်အောင်မြင်စွာ ပြီးဆုံးခဲ့မှုနှင့် နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ (၅-၃-၂၀၁၉) ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ”Information Workshop on the International Anti-Personnel Mine Ban Convention”နှင့်ပတ်သက်၍ နောက်ဆက်တွဲ ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ မိုင်းဒဏ်ခံရသူများအား ထောက်ပံ့ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် နော်ဝေနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Thailand’s Mine Action Centre သို့ မြန်မာနိုင်ငံမှကိုယ်စားလှယ်များ သွားရောက်လေ့လာနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးကြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ လာရောက်တွေ့ဆုံရာတွင် မသန်စွမ်းသူ အသင်းအဖွဲ့ကိုယ်စားလှယ်များအနေဖြင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးတွင်ကျင်းပမည့် မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများအား ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ရာ အစိုးရက လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ မသန်စွမ်းသူများအရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်ခြင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ကဦးဆောင်၍ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက်ကော်မတီများ၊ ကဏ္ဍအလိုက် ဆပ်ကော်မတီ (၈) ခုဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများလက်စွဲ လမ်းညွှန်ထုတ်ဝေမည့်ကိစ္စရပ်များ၊  နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ အားလုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သာတူညီမျှရှိစေရေးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် တိုက်တွန်းပြောကြားကြောင်း သတင်းရရှိပါသည်။

#h11_otr

#npw_apr2019

Source: MSWRR

ဧပြီလ၊ ၃

နေပြည်တော်

Sign Up

Upcoming Events