မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအုပ်စု၊ နန့်ဟိုင်ကျေးရွာ၌ (၃၀-၃-၂၀၁၉) ရက်နေ့ (၀၉:၄၅) အချိန်တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ ရုံးမိုး၊ ဝါးထရံကာ၊ ကြမ်းခင်း၊ ခြေတံရှည်နေအိမ် (၁) လုံး မီးဘေးသင့်ခဲ့ပြီး အဆိုပါ မီးဘေးသင့်မှုအတွက် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၂၆ဝဝ) ကျပ်နှင့် (၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၆၀ဝ) ကျပ်တို့အား (၃-၄-၂၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှတဆင့် ထောက်ပံ့မှုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#khn_apr2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)