လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

4_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၄၂၀၁၉)ရက်နေ့တွင် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီးကျေးရွာ အုပ်စု၊ ကျောက်တန်းကြီးကျေးရွာနှင့် နေရာပျံချီကျေးရွာများတွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေး အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကျေးရွာ စာရေး၊ အရံမီးသတ်များ၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် အတူပူးပေါင်း၍ နေအိမ်များပြုပြင်ပေးခြင်း၊ ဗီနိုင်းစိုက်ထူခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_sgw
#ayy_apr2019
Source:    လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events