Category Archives: News
-
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်များ အတွက် ထောက်ပံ့ထားရှိမှုအခြေအနေများ
၄-၄-၂၀၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သဘာဝဘေးကြောင့်ဖြစ်စေ၊ လူကြောင့်ဖြစ်သော ဘေးဖြစ်စေ ဘေးဒုက္ခကြုံတွေ့ရသူ များအား စားနပ်ရိက္ခာနှင့် အစားအစာမဟုတ်သော အခြားပစ္စည်းများအပါအဝင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ဘေးသင့်သူများ၏ လိုအပ်ချက်များအရ အချိန်နှင့်တပြေးညီ ထောက်ပံ့ခြင်းကို မိမိဝန်ကြီးဌာနအပြင် ဆက်နွယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်း မှစ၍ မြန်မာ့တပ်မတော်နှင့် AA သောင်းကျန်းသူ အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင် မြို့နယ်၊ … Read more
-
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာ သွန်းခြင်းများကြောင့် အိုးအိမ်များထိခိုက်ပျက်စီး မှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
၁။ ၂၀၁၉ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၄)ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ် အချို့၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်း ထန်စွာရွာသွန်းခြင်းတို့ဖြစ်ပွားခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မြို့နယ် (၄)ခုတွင် နေအိမ်(၂၃)လုံး၊ ချင်းပြည်နယ်၊ မြို့နယ် (၆)ခုတွင် နေအိမ် (၄၁၉)လုံး၊ ဘာသာရေး အဆောက်အဦ (၂၃)လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၁၁)ခုတွင် နေအိမ်(၃၉၉)လုံး၊ ဘာသာရေး အဆောက်အဦ(၆)လုံး၊ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၅)ခုတွင် နေအိမ်(၇၄၇)လုံး၊ ဘာသာရေးအဆောက်အဦ(၇)လုံး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မြို့နယ်(၄)ခုတွင် နေအိမ်(၁၁၇)လုံး၊ စုစုပေါင်း နေအိမ်(၁၇၀၅)လုံး၊ ဘာသာရေးအဆောက်အဦ(၃၆)လုံး အမိုးအကာ များပျက်စီးခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအားထောက်ပံ့မှုသတင်း
(၃-၄-၂၀၁၉) ရက်နေ့၌ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒဏ်ရာရရှိခဲ့ သည့်ပြည်သူ (၁၉) ဦးနှင့် သေဆုံးသူပြည်သူ (၆) ဦးအတွက် ဒဏ်ရာရရှိသူတစ်ဦးလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် ဒဏ်ရာရရှိသူ (၁၉) ဦးအတွက် ထောက်ပံ့ငွေ (၉၅၀၀၀၀) ကျပ်နှင့် သေဆုံးသူတစ်ဦးလျှင် (၃၀၀၀၀၀) ကျပ်နှုန်းဖြင့် သေဆုံးသူ (၆) ဦးအတွက် ထောက်ပံ့ငွေ (၁၈၀၀၀၀၀) ကျပ်၊ စုစုပေါင်း (၂၇၅၀၀၀၀) ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တော်ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့်အတူ … Read more
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၄.၂၀၁၉) ရက်နေ့တွင် ဇရပ်ဆိပ်ကျေးရွာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များနှင့်ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာမှ လေပြင်း ဒဏ်ခံနိုင် ရည်အားနည်းသည့် နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်စေရေးအတွက် ပြုပြင်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧပြီလ(၄)ရက်နေ့တွင် ပင်းတယမြို့နယ်၊ နောင်ရဲကျေးရွာ၊ မိုင်းအင်ကျေးရွာ၊ ပန်းမက်ကျေးရွာနှင့် ဖောင်းပြင်ကျေးရွာများရှိ နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အကာများပြုပြင်ခြင်း၊ နေအိမ်များပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လေပြင်းဘေးဒဏ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင် ဝေငှပေးခြင်းတို့ကို ကျေးရွာများအတွင်းရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအဖွဲ့များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ကွင်းဆင်း ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #shn_apr2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခြင်း သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအနေဖြင့် နေအိမ် များမွမ်းမံပြင်ဆင်နိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးအား ကျင်းပခဲ့ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ.ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်/ကျေးစာရေးများတက်ရောက်ခဲ့ပြီး နေအိမ်များမွမ်းမံပြင်ဆင်နိုင်ရေးအတွက် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံ:(ဘစမ)
-
မီဘေးထောက်ပံ့မှုသတင်း
(၂-၄-၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်၊ လမ်းမတော်တောင်ရပ်ကွက် သီရိမင်္ဂလာလမ်း၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီဘေးကြောင်း ပျက်စီးခဲ့သောအိမ်ခြေ (သစ်အိမ်) (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀၀) ကျပ်၊ဘေးသင့်လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၂၁၀၀) ကျပ်နှင့် (၁)အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ care myanmar ပလတ်စတစ်ဖျာ (၁) ချပ်၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၂၃၄၄၅၃) ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း (၃၁.၃.၂၀၁၉)ရက်နေ့ လေပြင်း တိုက်ခတ်မှုကြောင့် သွပ်များ အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၂)လုံးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး အိမ်ခြေ(၂)လုံးစာနှင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၈၀,၀၀၀/-) ကျပ်တိတိတို့အား (၄.၄.၂၀၁၉)ရက်နေ့(၁၄းဝဝ)နာရီအချိန်တွင် ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာအုပ်စု၊ ကောင်းစင့်ကျေးရွာ၌ (၃၁-၃-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားသော ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၁) စု၊လူဦးရေ (၈) ဦးတို့အတွက် အိမ်ဆောက်တန်ဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၆၈၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုးတို့အား (၄-၄-၂၀၁၉) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ဗန်းမော်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာတွင် (၂.၄.၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁)စုမှ လူဦးရေ(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)နှင့် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄၇၀၀/-)ကျပ် ရန်ပုံငွေစုစုပေါင်း (၂၁၄၇၀ဝ/-)ကျပ်တို့အား (၄.၄.၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









