လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာအုပ်စု၊ ကောင်းစင့်ကျေးရွာ၌ (၃၁-၃-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားသော ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၁) စု၊လူဦးရေ (၈) ဦးတို့အတွက် အိမ်ဆောက်တန်ဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၆၈၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုးတို့အား (၄-၄-၂၀၁၉) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ဗန်းမော်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#khn_apr2109
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)