(၂-၄-၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်၊ လမ်းမတော်တောင်ရပ်ကွက် သီရိမင်္ဂလာလမ်း၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီဘေးကြောင်း ပျက်စီးခဲ့သောအိမ်ခြေ (သစ်အိမ်) (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀၀၀၀) ကျပ်၊ဘေးသင့်လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၂၁၀၀) ကျပ်နှင့် (၁)အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ care myanmar ပလတ်စတစ်ဖျာ (၁) ချပ်၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၂၃၄၄၅၃) ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မီးဘေးဖြစ်ပွားရာ နေရာသို့သွားရောက်၍ ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
# ha_fir
#ayy_apr2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)