လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာ သွန်းခြင်းများကြောင့် အိုးအိမ်များထိခိုက်ပျက်စီး မှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

5_Pic_1 5_Pic_2 5_Pic_3 5_Pic_4 5_Pic_5 5_Pic_6 5_Pic_7 5_Pic_8 5_Pic_9 5_Pic_10 5_Pic_11 5_Pic_12 5_Pic_13
၁။    ၂၀၁၉ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှ  ဧပြီလ(၄)ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ် အချို့၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်း ထန်စွာရွာသွန်းခြင်းတို့ဖြစ်ပွားခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မြို့နယ် (၄)ခုတွင် နေအိမ်(၂၃)လုံး၊ ချင်းပြည်နယ်၊ မြို့နယ် (၆)ခုတွင် နေအိမ် (၄၁၉)လုံး၊ ဘာသာရေး အဆောက်အဦ (၂၃)လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်(၁၁)ခုတွင် နေအိမ်(၃၉၉)လုံး၊ ဘာသာရေး အဆောက်အဦ(၆)လုံး၊ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၅)ခုတွင် နေအိမ်(၇၄၇)လုံး၊ ဘာသာရေးအဆောက်အဦ(၇)လုံး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မြို့နယ်(၄)ခုတွင် နေအိမ်(၁၁၇)လုံး၊ စုစုပေါင်း နေအိမ်(၁၇၀၅)လုံး၊ ဘာသာရေးအဆောက်အဦ(၃၆)လုံး အမိုးအကာ များပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

၂။    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးမှုများကြောင့် ဘေးသင့်ပြည်သူ များအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများမှ ဘေးသင့်နေရာများသို့ အမြန်ဆုံးသွားရောက်ထောက်ပံ့ပေးလျက်ရှိရာ ငွေသားနှင့်ပစ္စည်းစုစုပေါင်း  ကျပ် (၂၀၂)သိန်းကျော် ထောက်ပံ့ပေးခဲ့ပြီး ဆက်လက်၍ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၃။    ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နွေရာသီကာလမတ်လနှင့်ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ လေပြင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ဖြစ်ပွားတတ်သဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်းလည်း သိရှိရပါသည်။

#ha_sgw
#ayy_apr2019
Source:    DDM

Sign Up

Upcoming Events