
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာတွင် (၂.၄.၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁)စုမှ လူဦးရေ(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)နှင့် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄၇၀၀/-)ကျပ် ရန်ပုံငွေစုစုပေါင်း (၂၁၄၇၀ဝ/-)ကျပ်တို့အား (၄.၄.၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#kyh_apr2019
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)