(၃-၄-၂၀၁၉) ရက်နေ့၌ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒဏ်ရာရရှိခဲ့ သည့်ပြည်သူ (၁၉) ဦးနှင့် သေဆုံးသူပြည်သူ (၆) ဦးအတွက် ဒဏ်ရာရရှိသူတစ်ဦးလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် ဒဏ်ရာရရှိသူ (၁၉) ဦးအတွက် ထောက်ပံ့ငွေ (၉၅၀၀၀၀) ကျပ်နှင့် သေဆုံးသူတစ်ဦးလျှင် (၃၀၀၀၀၀) ကျပ်နှုန်းဖြင့် သေဆုံးသူ (၆) ဦးအတွက် ထောက်ပံ့ငွေ (၁၈၀၀၀၀၀) ကျပ်၊ စုစုပေါင်း (၂၇၅၀၀၀၀) ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တော်ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့်အတူ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ ဘူးသီးတောင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏မိသားစုဝင်များလက်ဝယ်အရောက် (၄-၄-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_apr2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)