
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧပြီလ(၄)ရက်နေ့တွင် ပင်းတယမြို့နယ်၊ နောင်ရဲကျေးရွာ၊ မိုင်းအင်ကျေးရွာ၊ ပန်းမက်ကျေးရွာနှင့် ဖောင်းပြင်ကျေးရွာများရှိ နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အကာများပြုပြင်ခြင်း၊ နေအိမ်များပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လေပြင်းဘေးဒဏ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင် ဝေငှပေးခြင်းတို့ကို ကျေးရွာများအတွင်းရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအဖွဲ့များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ကွင်းဆင်း ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_sgw
#shn_apr2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)