လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

4_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း (၃၁.၃.၂၀၁၉)ရက်နေ့ လေပြင်း တိုက်ခတ်မှုကြောင့် သွပ်များ အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၂)လုံးတို့ အတွက်  ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး အိမ်ခြေ(၂)လုံးစာနှင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၈၀,၀၀၀/-) ကျပ်တိတိတို့အား (၄.၄.၂၀၁၉)ရက်နေ့(၁၄းဝဝ)နာရီအချိန်တွင် ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#sgg_apr2019
Source:    ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events