Category Archives: News
-
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် အိုးအိမ်များထိခိုက်ပျက်စီးမှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
၁။ ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့တို့၌ မကွေးတိုင်းဒေသကြီးအတွင်း၌ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပွားခဲ့ရာ မင်းတုန်း၊ ဆင်ပေါင်ဝဲ၊ မကွေး၊ တောင်တွင်းကြီး၊ ပေါက်၊ ဂန့်ဂေါနှင့် မြိုင်မြို့နယ်တို့တွင် နေအိမ်(၂၆)လုံး ပြိုကျခဲ့ပြီး နေအိမ်(၅၃၀) ကျော်ခန့်နှင့် ဘာသာရေးအဆောက်အဦ(၁၃)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ စစ်ကိုင်း တိုင်းဒေသကြီး၊ ဝက်လက်၊ ဆားလင်းကြီး၊ ပုလဲ၊ အရာတော်နှင့် မုံရွာမြို့နယ် တို့တွင် နေအိမ်(၁၅)လုံး ပြိုကျခဲ့ပြီး နေအိမ်(၄၀၀)လုံးခန့်နှင့် ဘာသာရေးအဆောက်အဦ(၆)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ရှမ်းပြည်နယ်၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့တွင် နေအိမ်(၆၀)လုံးခန့်နှင့် ဘာသာရေး … Read more
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ တောင်ဘို့ကျေးရွာအုပ်စု၊ သမင်ချောက်ကျေးရွာအုပ်စု၊ ရွှေလင်းဆွဲကျေးရွာအုပ်စုနှင့် ဌေးအောင်ကျေးရွာအုပ်စုတို့တွင် (၁၈-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျနေအိမ်(၁၅)လုံး၊ အမိုးလန်အိမ်ခြေ(၁၁၁)လုံး၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း(၄)ကျောင်း၊ ပြိုကျဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အိမ်ထောင်စု(၁၁၁)စု၊ လူဦးရေ(၅၅၅)ဦးဘေးသင့်ခဲ့ရာကျောင်း/အိမ်ဆောက်ပစ္စည်းဖိုး (၄,၀၁၀,၀၀၀)ကျပ်၊ဆန်ရိက္ခာဖိုး(၁,၁၅၅,၀၀၀)ကျပ်၊ စုစုပေါင်း(၅,၁၆၅,၀၀၀)(ကျပ်ငါးဆယ့်တစ်သိန်းခြောက်သောင်းငါးထောင်ကျပ်တိတိ)တို့အားလည်းကောင်း၊ ပြိုကျနေအိမ်(၁၅)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၁၅)ပုံး၊ အမိုးလန်နေအိမ်(၁၁၁)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၁၁၁)စုံတို့အားလည်းကောင်း (၁၉-၄-၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်၊ မြို့နယ်သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ဟင်္သာဝဲ ကျေးရွာအုပ်စု၊ ဟင်္သာဝဲကျေးရွာ၌ (၉-၄-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) အချိန်တွင် အပူရှိန်မြင့်တက်မှုကြောင့် ဂတ်(စ်)မီးခြစ် ထပေါက်ရာမှ နေအိမ် (၂)လုံး မီးလောင်ပျက်စီးခဲ့ပြီး နေအိမ် (၁) လုံးကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပါသည်။ အဆိုပါမီးဘေးကြောင့် ပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၇,၃၀၀/-) ကျပ်၊ … Read more
-
ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ မျှားပိုင်းကျေးရွာ၊ ပလောင်းကျေးရွာအုပ်စု၊ ပလောင်းကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ ရှားတောကျေးရွာ၊ ကပိုင်ကျေးရွာအုပ်စု၊ ကပိုင်ကျေးရွာ၊ ရေကတောကျေးရွာ၊ ဖိုးဖြူလုံးကန်အုပ်စု၊ ပေခုနှစ်ပင်ကျေးရွာ တို့တွင်(၁၈-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မူကြောင့် ထပ်တိုးလေဘေးသင့် အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်း၊ ပြိုကျပျက်စီးအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ (၁၄)လုံး၊ အိမ်ထောင်စု(၁၅)စုမှ လူဦးရေ (၅၃)ဦးတို့ လေဘေးသင့်ခဲ့ရာ ကျောင်း/အိမ်ဆောက်ပစ္စည်းတန်ဖိုး(၇၉၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၁၁,၃၀၀)ကျပ်၊ စုစုပေါင်း (၉၀၁,၃၀၀)ကျပ်တို့အားလည်းကောင်း ပြိုကျအိမ်ခြေ (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကြက်ရိုးကျေးရွာအုပ်စု၊ လယ်ဓမ္မ ကျေးရွာ၌ (၁၈-၄-၂၀၁၉) ရက်နေ့၊ (၁၆း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၂၀-၄-၂၀၁၉) ရက်နေ့၊ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီ်မြို့နယ်၊ ကျေးရွာအုပ်စုတို၌ (၃၁-၃-၂၀၁၉) ရက်နေ့မှ (၂-၄-၂၀၁၉) ရက်နေ့အထိ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် (တစ်စိတ်တစ်ပိုင်းပျက်စီး) လူနေအိမ် (၂၃၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀,၁၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁,၁၆၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂,၄၅၂,၈၀၀/-) ကျပ်၊ (လုံးဝပျက်စီး)ကျောင်း(၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၉၅,၀၀၀/-) ကျပ်၊ (တစ်စိတ်တစ်ပိုင်းပျက်စီး) နေအိမ်(၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၈) အိမ်ထောင်စုစာအားလည်းကောင်း၊ (၉-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် (တစ်စိတ်တစ်ပိုင်းပျက်စီး)နေအိမ် … Read more
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၉)ရက်နေ့ ကျောက်တော်မြို့နယ်၊ တောင်မူဇီကျေးရွာအုပ်စု၊ ဝပြန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခက်မှုကြောင့် ဘေးသင့်နေအိမ် (သွပ်မိုး၊ ဝါးကာ၊ ပျဉ်ခင်း) (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀)နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာတန်ဖိုး (၁၀,၅၀၀)တို့အား (၁၉-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ ဇီးပင်ကွင်းအုပ်စု၊ ဘက်ရဲမြို့.အမှတ်(၁)၊ အမှတ်(၂)ရပ်ကွက် အုပ်စုအတွင်းရှိ နေအိမ်များအနက်မှ (၁)အုပ်စုလျှင်အိမ်ခြေ (၃၀)လုံးစီကို ကျေးရွာအုပ်စု/ရပ်ကွက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြု ပြင်မွမ်းမံခြင်းများကို (၁၉-၄-၂၀၁၉)ရက်နေ့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ ကြံခင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်က်တာထွန်းလင်းမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများသည် (၈-၄-၂၀၁၉)ရက်နေ့ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းအုပ်စုအထက်ကုန်းနှင့် တဲတန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ (၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂,၀၀၀,၀၀၀) ဘေးသင့်လူဦးရေ (၅၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေကျပ်(၁၁၁,၃၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး ( ၂၀) အိမ်ထောင်စာတန်ဖိုးငွေ (၃၇၀,၂၀၀) care myanmar ပိုက်ဖျာ( ၂၀)ချပ် စုစုပေါင်းထောက်ပံ့မှုတန်ဖိုး( … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ အမျိုသားလွတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်ထွန်း၊ တိုင်းအဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ (၁၇-၄-၂၀၁၉)ရက်နေ့(၁၆:၃၀) အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များနှင့် ဘုန်းကြီးကျောင်းများ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ရာ ဥတ္တရခရိုင်နှင့် ဒက္ခိဏခရိုင်အတွင်း ကျေးရွာပေါင်း(၁၈)ရွာ၊ ဘေးသင့်အိမ်ခြေ (၁၃၈) အိမ်၊ လူဦးရေ (၅၇၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းအတွက်ရန်ပုံငွေ (၅,၇၉၅,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုးငွေ (၁,၂၃၄,၈၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၇,၀၂၉,၈၀၀)ကျပ်တို့ကို … Read more









