လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ တောင်ဘို့ကျေးရွာအုပ်စု၊ သမင်ချောက်ကျေးရွာအုပ်စု၊ ရွှေလင်းဆွဲကျေးရွာအုပ်စုနှင့် ဌေးအောင်ကျေးရွာအုပ်စုတို့တွင် (၁၈-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျနေအိမ်(၁၅)လုံး၊ အမိုးလန်အိမ်ခြေ(၁၁၁)လုံး၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း(၄)ကျောင်း၊ ပြိုကျဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အိမ်ထောင်စု(၁၁၁)စု၊ လူဦးရေ(၅၅၅)ဦးဘေးသင့်ခဲ့ရာကျောင်း/အိမ်ဆောက်ပစ္စည်းဖိုး (၄,၀၁၀,၀၀၀)ကျပ်၊ဆန်ရိက္ခာဖိုး(၁,၁၅၅,၀၀၀)ကျပ်၊ စုစုပေါင်း(၅,၁၆၅,၀၀၀)(ကျပ်ငါးဆယ့်တစ်သိန်းခြောက်သောင်းငါးထောင်ကျပ်တိတိ)တို့အားလည်းကောင်း၊ ပြိုကျနေအိမ်(၁၅)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ(၁၅)ပုံး၊ အမိုးလန်နေအိမ်(၁၁၁)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ (၁၁၁)စုံတို့အားလည်းကောင်း (၁၉-၄-၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်၊ မြို့နယ်သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။