လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ဟင်္သာဝဲ ကျေးရွာအုပ်စု၊ ဟင်္သာဝဲကျေးရွာ၌ (၉-၄-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) အချိန်တွင် အပူရှိန်မြင့်တက်မှုကြောင့် ဂတ်(စ်)မီးခြစ် ထပေါက်ရာမှ နေအိမ် (၂)လုံး မီးလောင်ပျက်စီးခဲ့ပြီး နေအိမ် (၁) လုံးကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပါသည်။ အဆိုပါမီးဘေးကြောင့် ပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၇,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး (၂)အိမ်ထောင်စာနှင့် Family Kit (၂)ပုံးတို့အားလည်းကောင်း၊ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၇,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁) အိမ်ထောင်စုစာတို့အားလည်းကောင်း (၁၉-၄-၂၀၁၉) ရက်နေ့တွင် ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#bgo_apr2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)