မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၉)ရက်နေ့ ကျောက်တော်မြို့နယ်၊ တောင်မူဇီကျေးရွာအုပ်စု၊ ဝပြန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခက်မှုကြောင့် ဘေးသင့်နေအိမ် (သွပ်မိုး၊ ဝါးကာ၊ ပျဉ်ခင်း) (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀)နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာတန်ဖိုး (၁၀,၅၀၀)တို့အား (၁၉-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events