ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ မျှားပိုင်းကျေးရွာ၊ ပလောင်းကျေးရွာအုပ်စု၊ ပလောင်းကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ ရှားတောကျေးရွာ၊ ကပိုင်ကျေးရွာအုပ်စု၊ ကပိုင်ကျေးရွာ၊ ရေကတောကျေးရွာ၊ ဖိုးဖြူလုံးကန်အုပ်စု၊ ပေခုနှစ်ပင်ကျေးရွာ တို့တွင်(၁၈-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မူကြောင့် ထပ်တိုးလေဘေးသင့် အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်း၊ ပြိုကျပျက်စီးအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ (၁၄)လုံး၊ အိမ်ထောင်စု(၁၅)စုမှ လူဦးရေ (၅၃)ဦးတို့ လေဘေးသင့်ခဲ့ရာ ကျောင်း/အိမ်ဆောက်ပစ္စည်းတန်ဖိုး(၇၉၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၁၁,၃၀၀)ကျပ်၊ စုစုပေါင်း (၉၀၁,၃၀၀)ကျပ်တို့အားလည်းကောင်း ပြိုကျအိမ်ခြေ (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ (၁)ပုံး၊ အမိုးလန်အိမ်ခြေ  (၁၄)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပါ (၁၄)စုံတို့အား (၁၉-၄-၂၀၁၉) ရက်နေ့တွင်  ပေါက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events