ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ အမျိုသားလွတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်ထွန်း၊ တိုင်းအဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ (၁၇-၄-၂၀၁၉)ရက်နေ့(၁၆:၃၀) အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များနှင့် ဘုန်းကြီးကျောင်းများ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ရာ ဥတ္တရခရိုင်နှင့် ဒက္ခိဏခရိုင်အတွင်း ကျေးရွာပေါင်း(၁၈)ရွာ၊  ဘေးသင့်အိမ်ခြေ (၁၃၈) အိမ်၊ လူဦးရေ (၅၇၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းအတွက်ရန်ပုံငွေ (၅,၇၉၅,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုးငွေ (၁,၂၃၄,၈၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၇,၀၂၉,၈၀၀)ကျပ်တို့ကို (၁၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events